Pioneer Flatbed Dryer (Vietnam Design)


စပါးအခြောက်ခံစက် ဘာကြောင့်အသုံးပြုသင့်သလဲ

စက်ဖြင့်အခြောက်ခံခြင်းသည် နေပူလှန်းပြီးအခြောက်ခံခြင်းထက် အရည်အသွေးပိုမိုကောင်းမွန်သောစပါးကို ရရှိစေပါသည်။
အထူးသဖြင့် ရာသီဥတုဆိုးရွားဖောက်ပြန်သောအခါနှင့် မိုးတွင်းအခါများတွင် စပါးလေလွင့်ဆုံးရှုံးမှုများကို ကာကွယ်ပေးသည်။
အခြားသော ခေတ်မီစပါးအခြောက်ခံစက်ကြီးများထက် ပုံစံရိုးရှင်းပြီး တန်ဖိုးမှာလွန်စွာနည်းသော်လည်း ယင်း၏အခြောက်ခံနိုင်မှုပမဏမှာမူ ယင်းစက်ကြီးများနှင့် နှိုင်းယှဉ် နိုင်ပါသည်။

စပါးအခြောက်ခံစက်၏ ပုံစံနှင့်ဖွဲ့စည်းပုံ

လေပူအားကိုအသုံးပြုကာ စပါးထုအတွင်းသို့ မှုတ်သွင်းခြင်းအားဖြင့် စပါးထဲမှအစိုဓာတ်ကိုထုတ်ပစ်ပေးသည့် စက်ကိရိယာဖြစ်သည်။
ယခုဖော်ပြပါ စပါးအခြောက်ခံစက်သည် စပါးများကို ကန်အတွင်းတွင် အခြောက်ခံခြင်းကိစ္စပြီးစီးသည်အထိ ပမာဏအားဖြင့် တပြေးညီတည်းကို တည်ငြိမ်စွာထားပြီး အခြောက်ခံသည့်စနစ်ဖြစ်ပါသည်။
စပါး၊ ပြောင်းနှင့် ပဲအမျိုးမျိုးတို့အတွက်လည်း အသုံးပြုနိုင်ပါသည်။


အခြောက်ခံစက်အမျိုးအစားနှင့်အချက်အလက်များ
  စဉ်   အခြောက်ခံနိုင်သော
သီးနှံအမျိုးအစား
တစ်ကြိမ်
အခြောက်ခံနိုင်သော
ပမာဏ(တင်း)
အင်ဂျင်အရွယ်အစား
(မြင်းကောင်ရေ)
အင်ဂျင်
(ပါ/မပါ)
အစိုဓာတ်တိုင်း
ကိရိယာ
(ပါ/မပါ)
စပါးထည့်ကန်
အရွယ်အစား
(လျား x နံ x မြင့်)
လိုအပ်သောနေရာ
အကျယ်အ၀န်း
(လျား x နံ)
  ၁   စပါး   ၅၀   ၇.၅   ဓာတ်ဆီအင်ဂျင်   ပါ(ထိုင်ဝမ်)   ၁၂ ပေ x ၁၀ ပေ x ၂ ပေ   ၁၈ ပေ x ၁၀ ပေ
  ၂   စပါး   ၁၀၀   ၇.၅   ဓာတ်ဆီအင်ဂျင်   ပါ(ထိုင်ဝမ်)   ၁၄ ပေ x ၁၀ ပေ x ၂.၃ ပေ   ၁၈ ပေ x ၁၂ ပေ
  ၃   စပါး   ၁၅၀   ၁၈   မပါ   ပါ(ဂျပန်)   ၁၈ ပေ x ၁၃ ပေ x ၃ ပေ   ၂၆ ပေ x ၁၃ ပေ
  ၄   စပါး   ၂၀၀   ၂၂   မပါ   ပါ(ဂျပန်)   ၂၇ ပေ x ၁၃.၅ ပေ x ၃ ပေ   ၃၅ ပေ x ၁၄ ပေ
  ၅   ပြောင်း၊ မြေပဲ၊ နှမ်း၊ ပဲပုပ် စသည်ဖြင့်   ၅၀   ၇.၅   ဓာတ်ဆီအင်ဂျင်   မပါ   ၁၂ ပေ x ၁၀ ပေ x ၂ ပေ   ၁၈ ပေ x ၁၀ ပေ
  ၆   ပြောင်း၊ မြေပဲ၊ နှမ်း၊ ပဲပုပ် စသည်ဖြင့်   ၁၀၀   ၇.၅   ဓာတ်ဆီအင်ဂျင်   မပါ   ၁၄ ပေ x ၁၀ ပေ x ၂.၃ ပေ   ၁၈ ပေ x ၁၂ ပေ
  ၇   ပြောင်း၊ မြေပဲ၊ နှမ်း၊ ပဲပုပ် စသည်ဖြင့်   ၁၅၀   ၁၈   မပါ   ပါ(ဂျပန်)   ၁၈ ပေ x ၁၃ ပေ x ၃ ပေ   ၂၆ ပေ x ၁၃ ပေ
  ၈   ပြောင်း၊ မြေပဲ၊ နှမ်း၊ ပဲပုပ် စသည်ဖြင့်   ၂၀၀   ၂၂   မပါ   ပါ(ဂျပန်)   ၂၇ ပေ x ၁၃.၅ ပေ x ၃ ပေ   ၃၅ ပေ x ၁၄ ပေ

 

အခြောက်ခံခြင်းအတွက် အချိန်မည်မျှကြာမည်လဲ?

တစ်ကြိမ်အခြောက်ခံလျှင် ကြာမည့်အချိန်မှာ ထည့်လိုက်သောစပါး၏ အစိုဓာတ် (Initial Moisture Content(%)) အပေါ်မူတည်သည်။
ဥပမာအားဖြင့် အစိုဓာတ် ၂၀% ရှိသောစပါးကို အခြောက်ခံမည်ဆိုပါက ယင်းစပါးနောက်ဆုံးရှိရမည်အစိုဓာတ်ကိုလည်း သိထားရန်လိုအပ်ပါသည်။
နောက်ဆုံးအစိုဓာတ်မှာ ၁၄% ဖြစ်သည်။ ယင်းနှစ်ခု ခြားနားပါက ၆% ဖြစ်သည်။
တစ်နာရီလျှင် အစိုဓာတ် ၁.၅% မှ ၂% ကျသည့်အတွက် ကြာမြင့်မည့်အချိန်မှာ ၃ နာရီမှ ၄ နာရီခန့်သာ ဖြစ်ပါသည်။

အသုံးပြုခြင်းအတွက် အားသာချက်များ
  • ● အသုံးပြုရလွယ်ကူသည်။
  • ● စပါး၊ ပြောင်းနှင့် ပဲအမျိုးမျိုးတွင် အသုံးပြုနိုင်သည်။
  • ● နေလှန်းခြင်းထက် ပိုမိုကောင်းမွန်သောအရည်အသွေးကို ရရှိစေသည်။
  • ● ပုံစံရိုးရှင်းသည့်အတွက် အလွယ်တကူ ပြုပြင်ထိန်းသိမ်းနိုင်သည်။
  • ● ပုံစံမှာကျစ်လျစ်ပြီး တစ်နေရာမှတစ်နေရာသို့ စက်အစိတ်အပိုင်းများကို အလွယ်တကူ သယ်ဆောင်ပြင်ဆင်နိုင်သည်။
  • ● လျှပ်စစ်ဓာတ်အားမရရှိနိုင်သောဒေသများတွင်မူ ဓာတ်ဆီ၊ ဒီဇယ်အင်ဂျင်များကို အသုံးပြုနိုင်သည်။ လျှပ်စစ်ဓာတ်အားရရှိနိုင်ပါက မော်တာကိုအသုံးပြုနိုင်သည်။