လယ်ယာထွက်ကုန်တွေ မျိုးစေ့တွေ ဆိုတာ သာမာန် အိတ်တွေနဲ့ သိုလှောင် သိမ်းဆည်းတာ.. အလေအလွင့် အလွန်များပါတယ် သာမာန် သမားရိုးကျ သိုလှောင်တဲ့အခါ အောက်ပါ အဆင့်ဆင့်သော အပြောင်းအလဲ များကို ဖြစ်စေ ပါတယ်။
၁။ ပြင်ပ ရာသီဥတုကြောင့် သီးနှံ များရဲ့အစိုဓာတ် ပြန် မြင့်မားလာခြင်း
၂။ အစိုဓာတ်မြင့်တက်လာတဲ့အခါ.. သိုလှောင် ထားတဲ့ သီးနှံ ရဲ့ ဇီဝ ကမ္မ ဖြစ်စဉ် ပိုမို မြန်ဆန် လာခြင်း
၃။ အထဲမှာ လှုပ်ရှား ဓာတ်ပြုမှုတွေကြောင့်… ရေနဲ့ အပူဓာတ်တွေ ဖြစ်လာပြီး.. သီးနှံ ပုံတွင်း အပူချိန် တက်လာ သလို.. စိုထိုင်းထိုင်း ဖြစ်လာတာမို့.. သီးနှံ ထုတွင်း.. အင်းဆက်ပိုး သားလောင်းများ ပေါက်ဖွားခြင်း
၄။ မျိုးဥများ ပိုမို ပွားများလာခြင်း
၅။ အဏုဇီဝ မှိုများ ပေါက်ပွားလာခြင်း စတဲ့အကျိုးဆက်များ ကို လ အနည်းငယ်သော သိုလှောင် ကာလတွင်း ဖြစ်စေပါတယ်။
အကျိုးဆက်အနေနဲ့ သိုလှောင်ထားတဲ့ သီးနှံများရဲ့ အရည်အသွေးရော ထုထည် ပမာဏ Bulk Volume ပါ ကျဆင်းပြီး အလေးချိန်များလည်း လျော့ကျ ပါတော့တယ်။

သီးနှံ ဟာလည်း

  • အရောင်အဆင်းများ ပြောင်းခြင်း၊
  • ဝါကုန်ခြင်း၊
  • မှိုစွဲထားတဲ့ လက္ခဏာများ သိသာစွာ မြင်ရခြင်း၊
  • သီးနှံထုတွင်း အမှုန်များ ပိုမိုများလာခြင်း၊
  • အနံ အသက်များ ထွက်လာခြင်း စတဲ့ လေလွင့်ဆုံးရှုံးမှု များ ဖြစ်စေပါတယ်။

မျိုးစေ့များအဖို့ မျိုးပါ ကန်းတော့တာပါ။ အပင်ပေါက်နှုန်း တွေ ကျကုန်ပါတော့တယ်။ အဲဒီလို သိုလှောင်တဲ့ကာလအတွင်း စနစ်မကျတဲ့အတွက် လေလွင့်ဆုံးရှုံးမှုဟာ ၁၅% အထက်ထိ ရှိနိုင်ပါတယ်။ ဒါဟာ ကြွက်စားတာ၊ ငှက်စားတာ မပါသေးပါ။ ဒါကြောင့် ဒီပမာဏကိုတွက်ကြည့်ရင် စပါး တင်းတစ်ရာမှာ ၁၅ တင်းလောက်ထိ အလေအလွင့်ဟာ ငွေကြေးပမာဏ အားဖြင့် တစ်တင်း ၅၀၀၀/- ကျပ်နှုန််းနဲ့ တွက်ကြည့်ပါ။ စပါး တင်းတစ်ရာကို ၇၅,၀၀၀/- ကျပ် ဖိုးလောက်ထိ လေလွင့် သွားတာ ဖြစ်ပါတယ်။ ဒီငွေကြေးဟာ ရုတ်တရက် မသိသာပေမဲ့ လုပ်ငန်းရှင်အတွက် ရသင့်ရထိုက်တဲ့ အကျိုးအမြတ်မရဘဲ အဟောသိကံ ဖြစ်သွားတာပါ။

အဲဒီလို လေလွင့်ခြင်း အပြင် သိုလှောင်ထားတဲ့ သီးနှံ၊ စပါး၊ ပြောင်း၊ ပဲမျိုးစုံနဲ့ ဆီထွက်သီးနှံ များဟာလည်း စားသုံးရာမှာ ဘေးမကင်းတော့ပါ၊ အယ်ဖလာတောက်ဆင် (Aflatoxin) မှိုဆိပ် တွယ်ကပ် ပါဝင်ပြီ ဆိုမှဖြင့် လူရော တိရိစ္ဆာန်ရော ဘယ်ဟာမှ မလွတ်ပါ။ အသည်းကင်ဆာ ဆိုတာကို ဖြစ်စေတယ် ဆိုတာ သိရှိသူများလည်း ရှိကြမယ် ထင်ပါတယ်။ ဒါကြောင့် ဒီလို အကျိုးဆက်တွေကို မဖြစ်စေဖို့ဆိုတာ။ လေလုံပိတ် နည်းစနစ်သုံး အိတ်အမျိုးမျိုး ကသာ ကာကွယ်ပြီး အရည်အသွေးရော အလေအလွင့်ရော ကောင်းစေဖို့ ထိနိးသိမ်း ပေးမှာ ဖြစ်ပါတယ်။ ဒါ့ပြင် မျိုးစပါး ဆိုရင်လည်း အပင်ပေါက်ရာခိုင်နှုန်း (Germination Rate) ကို ၉၀% ပါတ်ဝန်းကျင်မှာ လအတန်ကြာ ထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်။

လေလုံပိတ်သိုလှောင်မှု စနစ်သုံး အိတ်များကို ဖီလစ်ပိုင်နိုင်ငံ GrainPro, Inc. မှ တင်သွင်းပြီး မြန်မာပြည်မှာ ကျွန်တော်များ ပိုင်အိုးနီးယား အဂရိုဗဇ် ကုမ္ပဏီလီမိတက် (Pioneer Agrobiz Co., Ltd) အနေနဲ့ မြန်မာပြည် ကိုယ်စားလှယ် အနေနဲ့ တာဝန်ယူ ဖြန့်ချီပေးနေပါတယ်။ ဒီအိတ်များဟာ သာမာန် ပလပ်စတစ် နဲ့မတူပါ။ ပြင်ပမှလေနဲ့ ရေခိုးရေငွေ့များကို အတွင်းကို မဝင်ရောက်အောင် ထိန်းသိမ်း ပေးထားတာ ဖြစ်ပါတယ်။ ဒီလို အိတ်များဟာ ကျွန်တော်တို့ လုပ်ငန်း ရှင်တွေနဲ့ အနည်းငယ် စိမ်းနေသေးတော့ ဒါတွေကို ငွေကုန်ကြေးကျခံပြီး ရင်းနှီးမြှပ်နှံဖို့ မဝံ့မရဲ ဖြစ်နေကြတာ တွေ့ရပါတယ်။ အမှန်က ဒီလို ပစ္စည်းတွေကို သုံးစွဲမှသာ ပမာဏများတဲ့ လေလွင့်ဆုံးရှုံးမှုကို မဖြစ်ရလေအောင် ကာကွယ်နိုင်တာမို့ တကယ် ပြန်အကျိုးရှိမဲ့သူက လုပ်ငန်းရှင်ပါပဲ။ နောက် ဒီလို တစ်ခါ ရင်းနှီးမြှပ်နှံလိုက်ရင် အိတ်တလုံးရဲ့ သက်တမ်းဟာ ၁၅ နှစ်လောက်ခံတာမို့ ရေရှည် တွက်ခြေ ကိုက်ပါတယ်။ ဒါကြောင့် ဒီလို နည်းပညာတွေ အထောက်အကူပြု ပစ္စည်း တွေကို သုံးစွဲပြီး မိမိတို့ထုတ်ကုန် အရည်အသွေးကို မြှင့်တင်ကြပါလို့ ပြောကြား လိုပါတယ်။

Myo Aung Kyaw
Managing Director
Pioneer Agrobiz Co., Ltd