ကျွဲခေါင်းတံဆိပ် ဗီယက်နမ် ဓာတ်မြေသြဇာ


ကျွဲခေါင်းတံဆိပ် ဗီယက်နမ် ဓာတ်မြေသြဇာသည် ဗီယက်နမ်နိုင်ငံ Binh Dien Fertilizer Joint Stock Company မှ နိုင်ငံတစ်ကာစံချိန်စံညွှန်းများနှင့်အညီ အဆင့်မြင့်နည်းပညာများဖြင့် ထုတ်လုပ်ထားသော အရည်အသွေးမြင့်ဓာတ်မြေသြဇာဖြစ်ပါသည်။


ကျွဲခေါင်းမြေသြဇာများ၌ ထူးခြားစွာပါဝင်သော

● Agrotain (အဂရိုတိန်) ဓာတ်သည် နိုင်တြိုဂျင်ဆုံးရှုံးမှုများဖြစ်စေသော အငွေ့ပျံခြင်း၊ ရေစီးနှင့်အတူမျောပါသွားခြင်းနှင့် မြေတွင်းစိမ့်ဝင်သွားခြင်းတို့ဖြစ်ပေါ်မှုကို သက်သာစေသောကြောင့် နိုက်တြိုဂျင်ဆုံးရှုံးမှုကို လျော့ပါးအောင်ကူညီပေးပြီး သီးနှံပင်များ နိုက်တြိုဂျင်ဓာတ်ကို ပြည့်ပြည့်ဝဝရရှိနိုင်ရန် ဆောင်ရွက်ပေးသည်။

● Avail (အဗေးလ်) ဓာတ်သည် မြေသြဇာတွင်ပါဝင်သော ဖော့စဖော့ရပ်စ် ဓာတ်ကို မြေကြီးထဲရှိ ထုံးဓာတ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ အလူမီနီယမ်၊ အိုင်းယွန်းတို့မှ တွယ်ကပ်လိုက်သဖြင့် အပင်မှ ၂၀% – ၃၀% သောဖော့စဖော့ရပ်စ်ဓာတ်ကိုသာ စုပ်ယူနိုင်ခြင်းကို ကာကွယ်ပေးပြီး အပင်မှ အပြည့်အဝစားသုံးနိုင်အောင် ဆောင်ရွက်ပေးသောကြောင့် သီးနှံအထွက်နှုန်းကို များစွာအထောက်အကူပြုပေးသည်။

● Penac – P (ပီးနက် – ပီ) ဓာတ်သည် မြေကြီးထဲရှိအာဟာရဓာတ်များကို အပင်ကစားသုံးနိုင်အောင် ဆောင်ရွက်ပေးခြင်း၊ အဏုဇီဝပိုးမွှားများရှင်သန်ပွားများအောင် အထောက်အကူပြုပေးခြင်း၊ ထည့်သွင်းထားသောအာဟာရဓာတ်များကို သီးနှံပင်က အလွယ်တကူစားသုံးနိုင်အောင်ဆောင်ရွက်ပေးခြင်းတို့ဖြင့် သီးနှံပင်အား ရောဂါပိုးမွှားဒဏ်ခံနိုင်ရည် မြင့်တက်စေသည်။


ကျွဲခေါင်းဗီယက်နမ်မြေသြဇာ၏ ထူးခြားကောင်းမွန်သောအချက်များ

● နိုက်တြိုဂျင်ဓာတ်ကို လေလွင့်မှုမရှိအောင် ထိန်းသိမ်းထားနိုင်ခြင်း
● ဖော့စဖော့ရပ်စ်ဓာတ်ကို အပင်မှအပြည့်အဝစားသုံးစေနိုင်ခြင်း
● သီးနှံပင်များအတွက် လိုအပ်သောအာဟာရဓာတ် (၁၃) မျိုးပါဝင်ခြင်း
● မြေကြီးထဲရှိအာဟာရဓာတ်နှင့် ထည့်သွင်းအသုံးပြုသည့်အာဟာရဓာတ်များကို အပင်မှ မျှတစွာစားသုံးနိုင်အောင် ဆောင်ရွက်ထားခြင်း
● ရောဂါနှင့်ပိုးမွှားကျရောက်မှုဒဏ်ကို ခုခံမှုစွမ်းရည်မြှင့်တင်ပေးနိုင်ခြင်း
● မြေဆီလွှာ၊ လူနှင့် ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးမှုမရှိခြင်း
● မြေသြဇာသုံးစွဲမှုကြောင့် မြေကိုပျက်စီးမှုမရှိစေဘဲ မြေကို ပြုပြင်ပေးနိုင်ခြင်း


ရရှိနိုင်သောမြေသြဇာအမျိုးအစားများ
ကျွဲခေါင်းရွှေဝါနိုက်တြိုဂျင် ၄၆ အေ+

ကျွဲခေါင်းရွှေဝါနိုက်တြိုဂျင် ၄၆ အေ+

  • နိုက်တြိုဂျင်လေလွင့်ဆုံးရှုံးမှုနည်းအောင် အဂရိုတိန် (Agrotain) ထည့်သွင်းပေါင်းစပ်ထားသည်။
  • သစ်လွင်သောအစိမ်းရောင်ကို အပင်သက်တမ်းတစ်ခုထိ ထိန်းသိမ်းထားသည်။
  • မြေသြဇာဖိုးကုန်ကျငွေသက်သာသည်။
  • လုပ်အားခ သက်သာသည်။


ကျွဲခေါင်း ၄၆ ပီ+

ကျွဲခေါင်း ၄၆ ပီ+

  • ဖော့စဖော့ရပ်စ်၏ စွမ်းဆောင်ရည်မြင့်မားအောင် အဗေးလ် (Avail) ထည့်သွင်းထားသည်။
  • အမြစ်ပိုင်းအားကောင်းစေသည်။
  • အသီးကြီးထွားမှုအတွက် အထောက်အပံ့ပေးသည်။
  • နိုက်တြိုဂျင်နှင့် ဖော့စဖော့ရပ်စ် နှစ်မျိုးပါဝင်သောမြေသြဇာကိုကျွေးခြင်းဖြင့် သီးနှံပင်အာဟာရမျှတစေကာ သီးနှံအရည်အသွေးကောင်းမွန်ပြီး အထွက်နှုန်းမြင့်မားစေသည်

ကျွဲခေါင်းတီအီးစပါးအထူး - ၁

ကျွဲခေါင်းတီအီးစပါးအထူး – ၁

  • အဂရိုတိန် (Agrotain)၊ အဗေးလ် (Avail)၊ ပီးနက် – ပီ (Penac-P) တို့ ပါဝင်သည်။
  • N, P, K အပြင် အနည်းလိုအာဟာရဓာတ်များ ပါဝင်သည်။
  • အမြစ်ထွက်နှုန်းကောင်းသည်။
  • ကျန်းမာသန်စွမ်းသော ပင်ပွားများ ရရှိစေသည်။
  • အထွက်နှုန်းကောင်းစေရန် အထောက်အကူပြုသည်။
  • ရောဂါနှင့် ပိုးကျရောက်မှုကို ကာကွယ်ပေးနိုင်သည်။

ကျွဲခေါင်းတီအီးစပါးအထူး - ၂

ကျွဲခေါင်းတီအီးစပါးအထူး – ၂

  • အဂရိုတိန် (Agrotain)၊ အဗေးလ် (Avail)၊ ပီးနက် – ပီ (Penac-P) တို့ ပါဝင်သည်။
  • N, P, K အပြင် အနည်းလိုအာဟာရဓာတ်များ ပါဝင်သည်။
  • အထွက်နှုန်းတိုးတက်ကောင်းမွန်စေသည်။
  • အဖျင်းအမှော်ဖြစ်မှုနည်းစေသည်။
  • စပါးစေ့အလေးချိန်စီးစေသည်။
  • သီးနှံအရည်အသွေးကောင်းသည်။
  • ရောဂါနှင့်ပိုးကျရောက်မှုဒဏ် ခံနိုင်ရည်မြင့်တက်စေသည်

ကျွဲခေါင်းကြီးထွား

ကျွဲခေါင်းကြီးထွား

  • N, P, K အပြင် အနည်းလိုအာဟာရဓာတ်များ အချိုးကျပါဝင်သည်။
  • အမြစ်အင်အားတောင့်တင်းခိုင်မာသည်။
  • သီးနှံပင် ကျန်းမာသန်စွမ်းကြီးထွားပြီး အပင်ဖြစ်ထွန်းမှုကောင်းစေသည်။
  • ရေတွင် လွယ်ကူစွာပျော်ဝင်စေသည်။

ကျွဲခေါင်းအနှံဖြည့်

ကျွဲခေါင်းအနှံဖြည့်

  • N, P, K အပြင် အနည်းလိုအာဟာရဓာတ်များ အချိုးကျပါဝင်သည်။
  • သီးနှံအရည်အသွေး (စပါးစေ့အရောင်၊ ဆန်လုံးအလေးချိန်) ကောင်းစေသည်။
  • ရောဂါနှင့် ပိုးကျရောက်မှုဒဏ် ခံနိုင်ရည်မြင့်တက်စေသည်။

ကျွဲခေါင်းတီအီး ၂၁၅

ကျွဲခေါင်းတီအီး ၂၁၅

  • နှံစားပင်များ၊ ဥစားပင်များ၊ နှစ်ရှည်ပင်များ၊ ပန်းမန်အပင်များ စသည့် သီးနှံအစုံအသုံးပြုနိုင်သော မြေသြဇာဖြစ်သည်။
  • ပါဝင်သော ပီးနက်-ပီ (Penac-P) မှ အပင်များအတွက်လိုအပ်သောအာဟာရကို ထိန်းညှိပေးသဖြင့် ကျန်းမာသန်စွမ်းပြီး ရောဂါကင်းခြင်း၊ ပုံမှန်မဟုတ်သောရာသီဥတုဒဏ်ခံနိုင်ခြင်း၊ အပင်နလံထမြန်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်သည်။