
ဆန်ကြိတ်သားဖြူစင်မှုတိုင်းကိရိယာ C-600 သည် ဆန်၏အရောင်ဖြူစင်မှုကို တိုင်းတာရန် ပြုလုပ်ထားသောကိရိယာ ဖြစ်ပါသည်။
ဆန်သားဖြူစင်မှုသည် ကြိတ်ခွဲမှုအတိုင်းအတာမည်မျှရှိသည်ကို ပြညွှန်းနေပေသည်။ ထို့ကြောင့် ဤကိရိယာနှင့်တိုင်းတာခြင်းအားဖြင့် ဆန်သားကြိတ်ခွဲမှုတွင် ရာခိုင်နှုန်းအားဖြင့် မည်မျှရှိသည်ကို သွယ်ဝိုက်သောအားဖြင့်တိုင်းတာခြင်းဖြစ်ပေသည်။
တိုင်းတာသောအခါ နမူနာထည့်သောဗူးငယ်အတွင်းသို့ တိုင်းတာလိုသောဆန်ကို ထည့်ရုံမျှသာလိုအပ်ပါသည်။ ထိုအခါ တိုင်းတာသောအကြိမ်အရေအတွက်နှင့် ဖြူစင်မှုတန်ဖိုးတို့ကို ဖော်ပြလာမည်ဖြစ်ပါသည်။
Vacuum Fluorescent Display ကြောင့် ရလဒ်ကို ထင်ရှားစွာမြင်ရမည်ဖြစ်သည်။
ပေးထားသော “နမူနာခွက်” ၏ ပုံသေနမူနာပမာဏအတိုင်း အပြောင်းအလဲမရှိ ဆက်တိုက် တစ်ပုံစံတည်းတိကျစွာတိုင်းတာခြင်းဖြင့် အမှားနည်းပြီး မှန်ကန်သောအဖြေကို ရရှိနိုင်မည်ဖြစ်ပါသည်။
C-600 ၏အားသာချက်များ
- ယခင် မော်ဒယ်များထက် ပိုမိုကျစ်လျစ်ပေါ့ပါးသည်။
- အပြာရောင် LED မီးလုံးများကို အသုံးပြုထားသည့်အတွက် ပိုမိုတာရှည်ခံ၊ ပါဝါစားသက်သာပြီး အပူထွက်မှုနည်းပါးသည်။
- အဆင့်မြှင့်ထားသောနည်းပညာကြောင့် ပါဝါခလုတ်ဖွင့်ပြီး စက္ကန့် (၂၀) ခန့်အတွင်း အဖြေထွက်အောင် တိုင်းတာနိုင်သည်။
- တိကျသောအဖြေကိုရှရှိနိုင်ရန် နမူနာထည့်သည့်ခွက်နေရာနှင့် မှန်ကိုသာ သန့်ရှင်းနေစေရန်လိုအပ်သည်။
- အလွယ်တကူဖြုတ်ပြီး သန့်ရှင်းရေးပြုလုပ်နိုင်သည်။
C-600 ၏ အသေးစိတ်အချက်အလက်များ
တိုင်းတာသည့်စနစ် | – အလင်းပြန်စနစ် |
တိုင်းတာနိုင်သောသီးနှံများ | – ဆန်၊ လုံးတီး၊ ကောက်ညှင်း အစရှိသည့် ဆန်အမျိုးအစားများ |
တိုင်းတာသည့်အရာ | – ဆန် အရောင်ဖြူစင်မှု |
တိုင်းတာနိုင်သည့်ပမာဏ | – ၅.၀ မှတ်မှ ၆၉.၉ မှတ်ထိ |
ကြည်လင်ပြတ်သားမှု | – ၀.၁ |
ပြသမှု | – Fluorescent LED |
လုပ်ဆောင်မှု | – ပျမ်းမျှဖြူစင်မှုတန်ဖိုး |
လုပ်ဆောင်နိုင်သည့် ပတ်ဝန်းကျင် အခြေအနေ | – အပူချိန် 5~40°C – စိုထိုင်းဆ ၃၀~၈၅% |
အလင်းရင်းမြစ် | အပြာရောင် LED |
External Output | RS-232C |
ပါဝါ | AC 100~240V (50/60Hz) |
ပါဝါသုံးစွဲမှု | 35W (100V), 60W (240V) |
အတိုင်းအတာ (မီလီမီတာ) | 295(W) x 290(L) x 185(H) |
အလေးချိန် | ၅ ကီလိုဂရမ် |
ပါဝင်သောပစ္စည်းများ | အဖြူရောင်နမူနာပြား (Standard Plate)၊ နမူနာသေတ္တာငယ်၊ နမူနာပြား၊ စံကိုက်နမူနာထည့်ခွက်၊ နမူနာခွက်၊ အုပ်ရန်အဝတ်၊ မှန်သုတ်ရန်အဝတ်၊ ဖော့အပို၊ ဖြူ့စ်အပို၊ ပါဝါကြိုး၊ အညွှန်းစာအုပ်။ |
တွဲဖက်အသုံးပြုနိုင်သည့်ပစ္စည်းများ
