
Kett Electric Laboratory မှ ထုတ်လုပ်သော အနီအောက်ရောင်ခြည်သုံးအစိုဓာတ်တိုင်းကိရိယာ FD 660 သည် တိုင်းရင်းဆေးထုတ်လုပ်ရေးလုပ်ငန်းများ၊ အရည်အသွေးစစ်ဆေးရေးဌာနများ၊ စားသောက်ကုန်နှင့် ဆေးဝါးစက်ရုံများ၊ ဓာတ်ခွဲခန်းများ၊ တက္ကသိုလ်များ၊ သီးနှံနှင့် မျိုးစေ့ထုတ်လုပ်ရေးလုပ်ငန်းများ၊ ဓာတုဗေဒထုတ်ကုန်များထုတ်လုပ်သည့်လုပ်ငန်းများအတွက် အထူးသင့်လျော်သောကိရိယာဖြစ်ပါသည်။
ဤကိရိယာသည် တိုင်းတာလိုသောပစ္စည်းအား Organic Carbon Heater ဖြင့် အနီအောက်ရောင်ခြည်ထုတ်လွှတ် အပူပေးအခြောက်ခံပြီး လျော့ကျသွားသောအလေးချိန်ဖြင့် အစိုဓာတ်ကို တိုင်းတာသောစနစ် (Detection of Weight Loss by Heating and Drying) ကို အသုံးပြုထားသည့်အတွက် အစိုဓာတ်တိုင်းတာရာတွင် ပိုမိုအသေးစိတ်တိကျသောရလာဒ်ကို ရရှိစေနိုင်ပါသည်။
တိုင်းတာနိုင်သော ထုတ်ကုန်များမှာ
- တိုင်းရင်းဆေးနှင့် အခြားဆေးဝါးများ
- သီးနှံ၊ မျိုးစေ့၊ ဟင်းသီးဟင်းရွက်၊ ပန်းနှင့် သစ်သီးသစ်ဥများ
- စားသောက်ကုန်များ
- အရည်အမျိုးမျိုး
- အနှစ်အမျိုးမျိုး
- အမှုန့်အမျိုးမျိုး
- ဓာတုပစ္စည်းများ
- လုပ်ငန်းသုံး၊ ဓာတ်ခွဲခန်းသုံးပစ္စည်းများနှင့် အခြားသောပစ္စည်းအမျိုးမျိုးတို့ဖြစ်ပါသည်။
FD 660 အနီအောက်ရောင်ခြည်သုံးအစိုဓာတ်တိုင်းကိရိယာသည် အလိုအလျောက်အလေးချိန် ချိန်ညှိသောစနစ်ပါဝင်ပြီး အရည်အသွေးမြင့် LCD မျက်နှာပြင်နှင့် LED ခလုတ်များကိုအသုံးပြုထားသောကြောင့် အခြားပုံစံတူ သမားရိုးကျကိရိယာများနှင့် နှိုင်းယှဉ်ပါက ပိုမိုကျစ်လျစ်ပြီး လုပ်ဆောင်ချက်များကို ပိုမိုလွယ်ကူရှင်းလင်းစွာ လုပ်ဆောင်နိုင်ပါသည်။ အပူပေးစနစ်တွင်လည်း Organic Carbon Heater ကို အသုံးပြုထားသည့်အတွက် အခြားသော Infrared Lamp များ Halogen Heater များထက် သက်တမ်းပိုမိုကြာရှည်စွာ အသုံးပြုနိုင်ပါသည်။
FD 660 နှင့်အတူ တိုင်းတာသည့်ရလာဒ်ကို print ထုတ်ပေးနိုင်သည့် Thermal Printer VZ-330 နှင့် အနံ့ပြင်းသည့်နမူနာများ (ငရုတ်သီးမှုန့်၊ နနွင်းမှုန့် စသည်ဖြင့်) ကို တိုင်းတာရာတွင် အနံ့ထိန်းပေးသည့် Deodorizing Windproof Case FW-100 များကိုလည်း တွဲဆက်ဝယ်ယူအသုံးပြုနိုင်ပါသည်။