
Kett Electric Laboratory, Japan ကုမ္ပဏီသည် လက်တွေ့ကျပြီး တိကျမှန်ကန်သည့် သီးနှံအစိုဓာတ်တိုင်း ကိရိယာများကို ဂျပန်နိုင်ငံတွင် ပထမဉီးဆုံး ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သည်။ ထိုအချိန်ကတည်းက သီးနှံအစိုဓာတ်တိုင်းကိရိယာများ၏ နောက်ထပ်ဖွံ့ဖြိုးတိုးတက်မှုများကို အစဉ်တစိုက်ကြိုးပမ်းလျက်ရှိပါသည်။ ကျစ်လစ်ပေါ့ပါးသော ဆန်စပါးအစိုဓာတ်တိုင်းကိရိယာ Riceter Model ကို ၁၉၆၁ ခုနှစ်ကတည်းက စတင်မိတ်ဆက်ထုတ်လုပ်ခဲ့ပါသည်။
Riceter Model ကို II, 2, 3, D, L, E, J, m, f, fg စသည့်အဆင့်မြှင့်တင်ခြင်းများပြုလုပ်ခဲ့ပါသည်။
ယခုအခါ Kett ကုမ္ပဏီမှ လက်ရှိနောက်ဆုံးမျိုးဆက်ဖြစ်သည့် Riceter fg-512 ကို စတင်မိတ်ဆက်လိုက်ပြီဖြစ်ပါသည်။
Riceter fg-512 အမျိုးအစားသည် Riceter f-512 ၏ မျိုးဆက်သစ်မော်ဒယ်ဖြစ်ပြီး ယခင်မော်ဒယ်မှ နည်းပညာအချက်အလက်များနှင့် အတွေ့အကြုံများကို ပေါင်းစပ်ပြီး အဆင့်မြင့်ထားခြင်းဖြစ်သည်။
Calibration curve အနေဖြင့် ယခင် riceter f 512 မှ Calibration Curve အတိုင်းပြန်လည်ထည့်သွင်းထားသဖြင့် တိုင်းတာမှု ရလဒ်မှာ ပြောင်းလဲခြင်းမရှိပါ။
ကောင်းမွန်သည့် သီးနှံအစိုဓာတ်တိုင်းကိရိယာသည် စိတ်ချယုံကြည်ရရုံသာမက သုံးစွဲရလဲလွယ်ကူသင့်သည်ဟု Kett ကုမ္ပဏီအနေဖြင့် ယုံကြည်ပါသည်။
ယခုမော်ဒယ်အသစ် Riceter fg-512 သည် fg-500 စီးရီး စက်များထဲတွင် ဆန်စပါးအတွက် အထူးသီးသန့်ထုတ်လုပ်ထားသည့် Kett ကုမ္ပဏီ၏ အကောင်းဆုံးကြိုးစားအားထုတ်မှုများအနက်မှ တစ်ခုဖြစ်ပါသည်။
Riceter fg-512 ၏ ထူးခြားချက်များ
- အာရှတိုက်တောင်ပိုင်းရှိ ဆန်အမျိုးအစားများအတွက် အထူးစမ်းသပ်ထုတ်လုပ်ထားခြင်း
- လွယ်ကူသက်သာစွာအသုံးပြုနိုင်သော ဒီဇိုင်းနှင့် ချော်မထွက်အောင်ပြုလုပ်ထားသော လက်ကိုင်နေရာများပါရှိခြင်း
- ရာဘာအုပ်ထားသော သတ္ထုလက်ကိုင်ကြောင့် တိုင်းတာလိုသည့်ဆန်/စပါး ကို အလွယ်တကူကြိတ်ခြေနိုင်ခြင်း
- အနည်းဆုံး နှစ်ကြိမ်မှ အများဆုံး ကိုးကြိမ်အထိ ပျမ်းမျှအစိုဓာတ်ကို တွက်ချက်ပေးနိုင်ခြင်း
- အလိုအလျောက် အပူချိန်ကိုတွက်ချက်တိုင်းတာသောစနစ် ပါရှိခြင်း
- အပူပိုင်းရာသီဥတုဒေသများအတွက် ဒဏ်ခံနိုင်အောင် ပြုလုပ်ထားခြင်း
- မည်သည့်နေရာတွင်မဆို အသုံးပြုနိုင်ရန် အကြမ်းခံနိုင်သောဘူးခွံဖြင့် ထည့်ပေးထားခြင်းတို့ဖြစ်ပါသည်။
တိုင်းတာနိုင်သောသီးနှံများ၊ တိုင်းတာနိုင်သောအစိုဓာတ်ရာခိုင်နှုန်းနှင့် တိကျမှု
# | သီးနှံ | စက်ပေါ်တွင်ပြမည့် အတိုကောက်စာလုံး | တိုင်းတာနိုင်သည့် အစိုဓာတ်ရာခိုင်နှုန်း | တိကျမှု (Accuracy*) |
---|---|---|---|---|
၁ | စပါး အရှည်မျိုး | LPAD | 10%-35% | 0.5% or less (1σ) of SEC* |
၂ | ဆန် အရှည်မျိုး | LMR | 10%-20% | 0.5% or less (1σ) of SEC* |
၃ | ဆန်လုံးညို(လုံးတီး) အရှည်မျိုး | LBR | 10%-20% | 0.5% or less (1σ) of SEC* |
၄ | စပါး အပုမျိုး | SPAD | 10%-20% | 0.5% or less (1σ) of SEC* |
၅ | ဆန် အပုမျိုး | SMR | 10%-20% | 0.5% or less (1σ) of SEC* |
၆ | ဆန်လုံးညို(လုံးတီး) အပုမျိုး | SBR | 10%-20% | 0.5% or less (1σ) of SEC* |
*: Accuracy
● Compared to refference drying oven method with less than 20% range
● SEC : Standard Error of Calibration curve