GrainPro® TranSafeliner™ သည် စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများကို ကွန်တိန်နာပုံးများဖြင့် တင်ပို့ရာတွင် လမ်းခရီး၌ သီးနှံများ ပျက်စီးခြင်း၊ အရည်အသွေးကျဆင်းခြင်းများမှ ကာကွယ်ပေးနိုင်သည့် လေလုံပိတ်သီးနှံသိုလှောင်စနစ် ဖြစ်သည်။

GrainPro® TranSafeliner™ ကို အသုံးပြုခြင်းဖြင့်
  • သီးနှံများအား ပြင်ပမှ ဓာတ်ငွေ့နှင့် ရေငွေ့များထိုးဖောက်နိုင်ခြင်းမရှိသည့် အလွှာအထပ်များစွာပါရှိသော လေလုံပိတ်အိတ်ဖြင့် ကာကွယ်ပေးထားသည့်အတွက် လမ်းခရီးတစ်လျှောက် လုံခြုံစိတ်ချစွာ တင်ပို့နိုင်ခြင်း
  • ကွန်တိန်နာပုံးအတွင်းတွင် အလွယ်တကူတပ်ဆင်နိုင်ခြင်း
  • ကွန်တိန်နာပုံးအတွင်း အခြား ဓာတုပစ္စည်းများ၊ ပိုးသတ်ဆေးများ အသုံးပြုရန်မလိုသည့်အတွက် အော်ဂဲနစ်ဖြစ်ပြီး စားသောက်ကုန်များအတွက် စိတ်ချစွာအသုံးပြုနိုင်ခြင်း
  • ပေ (၂၀) နှင့် ပေ (၄၀) ကွန်တိန်နာပုံးများအားလုံးတွင် တပ်ဆင်အသုံးပြုနိုင်ခြင်း
  • အရည်အသွေးမြင့် ပိုလီအီသိုင်လင်း (Polyethylene-PE) ပလတ်စတစ်သားဖြင့်ပြုလုပ်ထားသည့်အတွက် သာမန်ပလတ်စတစ်သားများထက် ဓာတ်ငွေ့ထိုးဖောက်မှုကို အဆ (၅၀၀) ပိုမိုခံနိုင်ရည်ရှိခြင်း
  • ထိခိုက်ပေါက်ပြဲခြင်းမရှိပါက အကြိမ်ကြိမ်ပြန်လည်အသုံးပြုနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။

ParametersDetails
Size20 feet40 feet
MaterialHigh strength PE with barrier layerHigh strength PE with barrier layer
Thickness, mm (inch)0.1 (0.004)0.1 (0.004)
Weight, g/m²97.597.5
ColorGreenGreen
Closing Mechanism2 track zip-lock in one end2 track zip-lock in one end
Packed Dimension
(L x Diameter), cm
95 x 1695 x 19
Packed Weight, kgs (lbs)9 (19.8) ±5%15 (33.1) ±5%
Oxygen Transmission Rate (OTR) cc/m²/day at 0.1 MPa22
Water Vapor Transmission Rate (WVTR), g/m²/day22
GrainPro® TranSafeliner™ အား ကွန်တိန်နာပုံးထဲတွင် တပ်ဆင်ရန် နည်းလမ်းများ
(ပုံကိုနှိပ်ပြီး ဗီဒီယိုအားကြည့်ရှုနိင်ပါသည်။)