လေလုံပိတ်ကိုကွန်းအိတ် GrainPro® Gas-Hermetic Fumigation Cocoon™ (G-HF)

GrainPro® Gas-Hermetic Fumigation Cocoon™ (G-HF)သည် ကောင်းစွာခြောက်သွေ့ပြီးသော စိုက်ပျိုးရေးထုတ်ကုန်ပစ္စည်းများကို မည်သည့် ဓာတုဆေးဝါးမှ ထပ်မံသုံးစွဲစရာမလိုဘဲ ကုန်ပစ္စည်းပမာဏအမြောက်အများကို အရည်အသွေးထိန်းသိမ်းပေးပြီး တာရှည်သိုလှောင်ပေးနိုင်သည့် သိုလှောင်အိတ်အမျိုးအစားဖြစ်သည်။
GrainPro® Gas-Hermetic Fumigation Cocoon™ (G-HF)ကို အနည်းဆုံး (၅) တန်ဆန့်အရွယ်အစားမှ အများဆုံး တန် (၃၀၀) ဆန့်အရွယ်အစားထိ ရွေးချယ်ဝယ်ယူနိုင်ပါသည်။
GrainPro® Gas-Hermetic Fumigation Cocoon™ (G-HF) ၏ အားသာချက်များ
- ပိုးသတ်ဆေး၊ မှိုသတ်ဆေးများသုံးစွဲရန်မလိုအပ်ပါ။
- အဆောက်အဦးတည်ဆောက်ရန်မလိုဘဲ နေရာင်တိုက်ရိုက်မထိစေရန် အမိုးပြုလုပ်ထားပေးရုံဖြင့် လုံလောက်သည်။
- သက်တမ်း (၁၀) နှစ်ကျော်အထိအသုံးပြုနိုင်သည်။
- လေလုံ၊ ရေလုံစနစ်ဖြစ်ပြီး ခရမ်းလွန်ရောင်ခြည်ဒဏ်ကိုလည်း ခံနိုင်ရည်ရှိသည်။
- ပြင်ပမှ အောက်ဆီဂျင်နှင့် အစိုဓာတ်များမဝင်ရောက်စေရန် ထိန်းသိမ်းပေးနိုင်သည်။
- မည်သည့်ရာသီဥတု အခြေအနေတွင်မဆို အသုံးပြုနိုင်သည်။
- အလွယ်တကူ ကြွက်မကိုက်နိုင်ရန် ဒီဇိုင်းပြုလုပ်ထားသည်။
- သိုလှောင်ထားသော သီးနှံများကို ပိုးမွှားဖျက်ဆီးခြင်း၊ မှိုတက်ခြင်းများမှ ကာကွယ်ရန် သဘာဝ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ဖြည့်သွင်းနိုင်သည့် inlet port ပါရှိသည်။
GrainPro® Gas-Hermetic Fumigation Cocoon™ (G-HF) အသေးစိတ်အချက်အလက်များ
Color | White |
Material | Polyvinyl Chloride (PVC) |
Thickness | 0.83 ± 0.00581 mm (0.0327 ± 0.002289 inches) |
Material Weight | 1050 g/m2 |
Oxygen Transmission Rate | ≤ 500 cc3/m2/day at 0.1 MPa |
Water Vapor Transmission Rate | 8 g/m2/day |
Sealing Mechanism | PVC Hermetic Zipper |
GrainPro® Gas-Hermetic Fumigation Cocoon™ (G-HF) အား ရွေးချယ်ဝယ်ယူနိုင်သော မော်ဒယ်နှင့် အရွယ်အစားများ
မော်ဒယ် | သိုလှောင်နိုင်သောပမာဏ | အလျား (မီတာ) | အနံ (မီတာ) | အမြင့် (မီတာ) | ထုထည် (ကုဗမီတာ) | ကုန်ပစ္စည်းအလေးချိန် (kg) |
---|---|---|---|---|---|---|
SVC-005 | ၅ တန် | ၃.၀၀ | ၁.၆၅ | ၁.၅၀ | ၇.၅၀ | ၄၃ |
SVC-010 | ၁၀ တန် | ၃.၃၀ | ၃.၀၀ | ၁.၅၀ | ၁၅.၀၀ | ၆၃ |
SVC-020 | ၂၀ တန် | ၄.၅၀ | ၃.၃၀ | ၂.၀၀ | ၃၀.၀၀ | ၈၉ |
SVC-2-050 | ၅၀ တန် | ၈.၉၀ | ၄.၄၀ | ၂.၀၀ | ၇၈.၃၂ | ၁၇၃ |
SVC-3-050 | ၅၀ တန် | ၆.၀၀ | ၄.၃၅ | ၃.၀၀ | ၇၈.၃၀ | ၁၅၁ |
SVC-100 | ၁၀၀ တန် | ၈.၆၀ | ၅.၈၀ | ၃.၀၀ | ၁၅၀.၀၀ | ၂၄၃ |
SVC-3-150 | ၁၅၀ တန် | ၈.၉၀ | ၈.၅၀ | ၃.၀၀ | ၂၂၇.၀၀ | ၃၅၃ |
SVC-4.5-150 | ၁၅၀ တန် | ၇.၅၀ | ၆.၈၀ | ၄.၅၀ | ၂၃၀.၀၀ | ၃၁၀ |
SVC-300 | ၃၀၀ တန် | ၉.၂၀ | ၇.၅၀ | ၆.၀၀ | ၄၁၄.၀၀ | ၄၀၃ |