လေလုံပိတ်၊ ရေစိုခံ သီးနှံသိုလှောင်စပါးကျီအိတ် GrainPro® GrainSafe™ Bag 1.0

GrainPro® GrainSafe™ Bag 1.0 သည် လေလုံပိတ်၊ ရေစိုခံ သီးနှံသိုလှောင်စနစ်ဖြစ်ပြီး မိမိတို့ တစ်နိုင်တစ်ပိုင်ထွက်ရှိလာသော သီးနှံများကို အစိုဓာတ်ပြန်ဝင်ခြင်းမရှိ၊ ပိုးမထိုး၊ မှိုမတက်စေဘဲ သိုလှောင်ထားနိုင်သည့် ရာသီဥတုဒဏ် လုံးဝခံနိုင်ရည်ရှိသော သီးနှံသိုလှောင်အိတ် ဖြစ်ပါသည်။ အိတ်အတွင်းသို့ ပြင်ပမှ လေ၊ အစိုဓာတ်များပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိသဖြင့် အိတ်အတွင်းရှိ သိုလှောင်ထားသောသီးနှံများကို လပေါင်းများစွာ အရည်အသွေးမပျက်အောင် ထိန်းသိမ်းပေးထားနိုင်ပါသည်။

GrainPro® GrainSafe™ Bag 1.0 သည် သိုလှောင်လိုသော သီးနှံများကို အိတ်များဖြင့်ထည့်သွင်းပြီးမှ အိတ်လိုက်ထည့်သွင်းသိုလှောင်ရသော စပါးကျီအိတ်အမျိုးအစားဖြစ်ပါသည်။


GrainPro® GrainSafe™ Bag 1.0 ၏ အားသာချက်များ
  • အကြိမ်ကြိမ်ပြန်လည်အသုံးပြုနိုင်ပြီး သက်တမ်းအားဖြင့် (၁၀) နှစ်ခန့် တာရှည်ခံပါသည်။
  • ထည့်သွင်းသိုလှောင်ထားသော သီးနှံ၏အစိုဓာတ်ကို တစ်သမတ်တည်း ထိန်းသိမ်းထားနိုင်သည်။
  • အင်းဆက်ပိုးများ၊ မှိုများကို ပိုးသတ်ဆေး၊ မှိုသတ်ဆေးသုံးစရာမလိုဘဲ ထိန်းသိမ်းထားနိုင်သည့်အတွက် အော်ဂဲနစ်ဖြစ်ပြီး စားသောက်ကုန်သီးနှံများအား စိတ်ချစွာ သိုလှောင်နိုင်သည်။
  • သိုလှောင်ထားသောသီးနှံကို အရည်အသွေးမပျက်စေဘဲ တာရှည်သိုလှောင်နိုင်သည်။
  • မျိုးစေ့များကိုလည်း မျိုးပေါက်နှုန်း၊ မျိုးစေ့ရှင်သန်နိုင်စွမ်းမကျစေဘဲ ကာလရှည်ထိန်းသိမ်းထားနိုင်သည်။
  • PVC အသားဖြင့်ပြုလုပ်ထားသည့်အတွက် ကြွက်၊ ငှက်အန္တရာယ်ကို စိုးရိမ်စရာမလိုပါ။

GrainPro® GrainSafe™ Bag 1.0 ၏ အသေးစိတ်အချက်အလက်များ
ParametersGrainPro® GrainSafe™ Bag 1.0
Material (Liner)Flexible PVC
Thickness (PVC)0.83 mm
Dimensions1.2 m(L) x 1.2 m(W) x 1.9 m(H)
ColorWhite
Capacity1 tonne (based on wheat)
Packed Weight13 kg
Packed Volume0.02 m3
Lifespan10 years

GrainPro® GrainSafe™ Bag 1.0 တပ်ဆင်အသုံးပြုနည်း