လေလုံပိတ်စူပါသီးနှံသိုလှောင်အိတ် GrainPro® SuperGrainbag Premium
GrainPro® SuperGrainbag Premium 69RZ GrainPro® SuperGrainbag Premium 69RT
လေလုံပိတ်စူပါသီးနှံသိုလှောင်အိတ် GrainPro® SuperGrainbag Premium သည် ခြောက်သွေ့သန့်စင်ပြီးသော သီးနှံနှင့် မျိုးစေ့များကို သိုလှောင်ရာတွင်ဖြစ်စေ၊ သယ်ယူပို့ဆောင်ရာတွင်ဖြစ်စေ အဆိပ်အတောက်ဖြစ်စေသာ ဓာတုဆေးဝါးများသုံးစွဲစရာမလိုဘဲ ပိုးမွှားများဖျက်ဆီးခြင်း၊ မှိုတက်ခြင်း၊ မျိုးပေါက်နှုန်းကျဆင်းခြင်း၊ အစိုဓာတ်များပြောင်းလဲခြင်း၊ အနံ့အရသာပျက်စီးခြင်း စသည့် ဆုံးရှုံးမှုများမှကာကွယ်ပေးနိုင်ပြီး အချိန်ကြာမြင့်စွာ သိုလှောင်ထားနိုင်သော အိတ်အမျိုးအစားဖြစ်ပါသည်။
GrainPro® SuperGrainbag Premium အားအသုံးပြုခြင်းဖြင့် ရရှိနိုင်သော အားသာချက်များ
- ဓာတ်ငွေ့ထိုးဖောက်နိုင်ခြင်းမရှိသော ပလတ်စတစ်အသားကြောင့် သိုလှောင်ထားသောသီးနှံများ၏ အနံ့၊ အရသာ၊ အရည်အသွေးများအား ထည့်သွင်းစဉ်ကအတိုင်း ထိန်းသိမ်းထားပေးနိုင်သည်။
- မျိုးစေ့များသိုလှောင်ပါက မျိုးပေါက်နှုန်းနှင့် သက်တမ်းကို ကျမသွားအောင် ထိန်းသိမ်းပေးနိုင်သည်။
- ကော်ဖီ၊ ကိုကိုး စသည့် တန်ဖိုးမြင့်သီးနှံများကို သိုလှောင်ရာတွင် လတ်ဆတ်မှုကို ထိန်းပေးထားနိုင်သည့်အတွက် နိုင်ငံတကာကုမ္ပဏီများ၏ ယုံကြည်စိတ်ချမှုကိုရရှိထားသော သိုလှောင်အိတ်များဖြစ်သည်။
- အဆိပ်အတောက်ဖြစ်စေနိုင်သည် ဓာတုဆေးဝါးများသုံးစွဲစရာမလိုသည့်အတွက် စားသောက်ကုန်များကို စိတ်ချယုံကြည်စွာ သိုလှောင်နိုင်သည်။
- ရေငွေ့စုပ်ယူတတ်သော သဘာဝရှိသည့် မည်သည့်သီးနှံကိုမဆို ထည့်သွင်းသိုလှောင်နိုင်သည်။
- ကင်ဆာဖြစ်စေတတ်သော အာဖလာတောက်ဆင် (Aflatoxin) မှိုပေါက်ဖွားခြင်းကိုလည်း ကာကွယ်ပေးနိုင်သောကြောင့် ကျန်းမာရေးအတွက်လည်း စိတ်ချရသည်။
ရရှိနိုင်သော GrainPro® SuperGrainbag Premium အိတ်အမျိုးအစားများ နှင့် သိုလှောင်နိုင်သောပမာဏ
အမျိုးအစား | သိုလှောင်နိုင်သောပမာဏ (Based on coffee) | အိတ်ပုံစံ |
---|---|---|
SGB Premium-69RT | 69 kg | ![]() |
SGB Premium-25RZ | 25 kg | ![]() |
SGB Premium-69RZ | 69 kg | ![]() |
GrainPro® SuperGrainbag Premium ၏ အသေးစိတ်အချက်အလက်များ
Parameters | SGB Premium-69RT | SGB Premium-25RZ | SGB Premium-69RZ |
---|---|---|---|
Material | Multilayered Polyethylene (PE) with Barrier Layer | Multilayered Polyethylene (PE) with Barrier Layer | Multilayered Polyethylene (PE) with Barrier Layer |
Closing System | Twist and Tie | Zipper Lock | Zipper Lock |
Thickness, mm (inch) | 0.078 (0.0031) | 0.078 (0.0031) | 0.078 (0.0031) |
Dimension, cm (inch) | 130 x 75 (51 x 29.5) | 80 x 50 (31 x 20) | 110 x 72 (43.3 x 28.4) |
Oxygen Transmission Rate (OTR), cc/m2/day at 0.1 MPa | 3 | 3 | 3 |
Water Vapor Transmission Rate (WVTR), g/m2/day | 4 | 4 | 4 |
Weight per piece, kg (lbs) | 0.15 (0.33) ±5% | 0.06 (0.13) ±5% | 0.12 (0.26) ±5% |
Color | Green | Green | Green |