ပြောင်း၊ ပဲပုပ်၊ ပဲအမျိုးမျိုးအစရှိသောသီးနှံတို့စိုက်ပျိုးရန်အတွက် လက်တွန်း မျိုးစေ့ချကိရိယာ
လက်တွန်းမျိုးစေ့ချ ကိရိယာသည် အရည်အသွေးကောင်းမွန် ၍ (၉) ကီလိုဂရမ်ခန့်သာရှိသောကြောင့် ပေါ့ပါးပြီး အသုံးပြုရလွယ်ကူပါသည်။ အသုံးပြုနိုင်သော ပမာဏမှာ တစ်နေ့လျှင် ကျွမ်းကျင်မှုအပေါ်မူတည်ပြီး (၂) ဧက မှ (၃.၃) ဧက အထိ မျိုးစေ့ချနိုင်ပါသည်။
လက်တွန်းမျိုးစေ့ချကိရိယာ၏ အားသာချက်များ
- မြေပြန့်၊ တောင်ပေါ်၊ ကုုန်းမြင့် ဒေသမရွေး အသုုံးပြုနိုင်သည်။
- ဤ မျိုးစေ့ချကိရိယာတွင် မျိုးချပေါက် ခုနှစ်ပေါက် ပါဝင်ပြီး ပြောင်း၊ ပဲပုပ်၊ ၀ါ စသောသီးနှံများအတွက် အထူးသင့်လျော်သည်။
- စိုက်ကျင်း တစ်ကျင်းလျှင် တစ်စေ့မှ နှစ်စေ့ သာ အစေ့ချရန် တိကျစွာပြုလုပ်ထားသောကြောင့် မျိုးစေ့ချွေတာပြီး လေလွင့်ဆုံးရှုံးမှု နည်းပါးစေပါသည်။
- အရည်အသွေးကောင်းမွန်သော ဂီယာကို အသုံးပြုထားခြင်းကြောင့် အသုံးပြုရာတွင် ဘီးလည်ပတ်မှု ပေါ့ပါးချောမွေ့ပြီး တာရှည်အသုုံးခံပါသည်။
- စက်၏ ကိုယ်ထည်မှာ ထွင်းဖောက်မြင်င်သော ကိုယ်ထည်ကိုု အသုုံးပြုထားသောကြောင့် အသုံးပြုသူအနေဖြင့် အစေ့ချရာတွင် တိကျမှုရှိမရှိကို သိနိုင်ပြီး ကျန်ရှိသော အစေ့ပမာဏနှင့် မြေသြဇာအခြေအနေတို့ကို လွယ်ကူစွာချိန်ဆနိုင်သည်။
- အသုံးပြုသူအနေဖြင့် မိမိချလိုသော မျိုးစေ့အရေအတွက်၊ တန်းခြား၊ ပင်ကြား အကွာအဝေး၊ စိုက်ကျင်းအနက်တို့ကိုအလိုရှိသလို ချိန်ညှိနိုင်ပါသည်။
- လက်ကိုင်တန်းကို မိမိလိုချင်သည့် အမြင့်ပမာဏအတိုင်း သီးသန့် ချိန်ညှိသတ်မှတ်နိုင်သည်။