ပိုင်အိုးနီးယား လေလုံပိတ်သီးနှံသိုလှောင်အိတ် (Pioneer Airtight Bags) သည် ခြောက်သွေ့သန့်စင်ထားသော စိုက်ပျိုးရေးထွက်ကုန်သီးနှံများအတွက် လေလုံပိတ်တာရှည်ခံ သိုလှောင်မှုစနစ်ဖြစ်ပါသည်။


ပိုင်အိုးနီးယားလေလုံပိတ်သီးနှံသိုလှောင်အိတ် (Pioneer Airtight Bags) အသုံးပြုခြင်းကြောင့်ရရှိနိုင်သော အားသာချက်များ

  • စနစ်တကျ လေလုံအောင် ထုတ်ပိုးထားပါက အတွင်းသို့ လေနှင့်ရေငွေ့ လုံး၀ မ၀◌င်ရောက်နိုင်ပါ။
  • အတွင်းတွင်ရှိသောလေမှာ ပိုးမွှားများမှ အသက်ရှုမှုကြောင့် အောက်ဆီ ဂျင်ကုန်သွားပြီး မကြာမှီရက်အနည်းငယ်အတွင်းသေသွားမည် ဖြစ်သည်။
  • ထို့ကြောင့် ထည့်ထားသောသီးနှံကို ပိုးမွှားမဖျက်ဆီး၊ မှိုမပေါက်၊ မျိုးပေါက်နှုန်းကောင်းစွာဖြင့်လပေါင်းများစွာ တာရှည်သိမ်းဆည်းထား နိုင်သည်။
  • မပေါက်ပြဲမချင်းပြန်လည်အသုံးပြုနိုင်သည်။
  • ဈေးနှုန်းသက်သာသည်။
  • သီးနှံ၏ အရည်အသွေးကို လအတန်ကြာထိန်းသိမ်းထားနိုင်သည်။
  • မည်သည့်အဆိပ်အတောက် ဆေး၀ါးကိုမှသုံးစွဲရန်မလိုပါ။

ထည့်သွင်းသိုလှောင်နိုင်သောသီးနှံများ

  • မည်သည့်သီးနှံမျိုးစေ့မဆို မျိုးပေါက်နှုန်း တာရှည်ထိန်းသိမ်းထားလိုပါ က အ‌အေးခန်းများဖြင့်ထားရန်မလိုပဲ သိုလှောင်ထားနိုင်သည်။
  • စပါး၊ လုံးတီး၊ နှင့် ကြိတ်ခွဲပြီး ဆန်
  • မြေပဲ အပါအ၀င်ပဲအမျိုးမျိုး
  • ကော်ဖီစေ့
  • ဂျုံစေ့နှင့် အခြားသောရေငွေ့ကိုပြန်စုပ်တတ်သည့် (Hygroscopic Action) ရှိသော အခြားသီးနှံအမျိုးမျိုး
  • ငြုတ် စသော သီးနှံများကိုသိုလှောင်ရာတွင် အသုံးပြုနိုင်ပါသည်။