ပိုင်အိုးနီးယား သီးနှံစုံ အခြောက်ခံစက်များ






လုပ်ငန်းရှင်များနှင့် တောင်သူလယ်သမားကြီးများအတွက် ပိုင်အိုးနီးယား သီးနှံစုံအခြောက်ခံစက်များ
စပါး၊ ပဲ၊ မြေပဲ၊ ပြောင်း၊ သီဟိုဠ် အစရှိသည့် သီးနှံများကို စက်ဖြင့် အခြောက်ခံခြင်းသည် နေပူလှန်းပြီးအခြောက်ခံခြင်း ထက် အစိုဓါတ်လျော့ကျမှု ညီမျှပြီး ပိုမိုကောင်းမွန်သော သီးနှံအရည်အသွေးကို ရရှိစေပါသည်။
အထူးသဖြင့် ရာသီဥတုဆိုးဝါးမှု ဖောက်ပြန်သောရာသီနှင့် မိုးတွင်းအခါများတွင် သီးနှံ လေလွင့် ဆုံးရှုံးမှုများကို ကာကွယ်ပေးသည်။ လုပ်အားကိုပိုမိုချွေတာစေသည်။ အချိန်ရာသီမရွေး ရာသီဥတုကိုမှီခိုစရာ မလိုပဲလုပ်ကိုင်နိုင်သည်။ ကောင်းစွာ အခြောက်ခံပြီးသော သီးနှံများသည် သိုလှောင်ရာတွင်လည်း အရည်အသွေးပျက်စီးစေခြင်းမရှိပါ။ အပူချိန်ကို လိုအပ် သလိုထိန်းညှိပြီး ညီညာစွာ ခြောက်သွေ့စေသောကြောင့် သီးနှံများအတွင်းတွင် အစိုဓါတ်ကျန်ရှိခြင်း မရှိသောကြောင့် သီးနှံများပျက်စီးခြင်း (အထူးသဖြင့် စပါး မှိုပေါက်ခြင်း၊ ပြန်လည်အစိုပျံခြင်း၊ ဆန်ကြိတ်ခွဲရာတွင် အကျိုးအကြေများခြင်း၊ အရောင်ပျက်ခြင်းများ မဖြစ်ပေါ်စေပါ။ ထိုု့အပြင် ကောင်းမွန်စွာအခြောက်ခံခြင်းကြောင့် သီးနှံ၏အရည်အသွေးကောင်းမွန်သောကြောင့် စျေးကွက်တွင်ပြန်လည်ရောင်းချရာတွင် စျေးကောင်းရရှိသကဲ့သို့ ကုန်ကြမ်းဝယ်ယူရာတွင်လည်းအားသာမှုများဖြစ်ပေါ်စေပါသည်။
စပါးခွံ၊ ပြောင်းရိုး အစရှိသော ဇီဝလောင်စာများကိုသာ အသုံးပြုရသောကြောင့် လောင်စာချွေတာပြီး စရိတ်စက အလွန်သက်သာသည်။
အားသာချက်များ…
- ရာသီမရွေး ရာသီဥတု၏ အကန့်အသတ်ကို ကျော်လွားနိုင်သည်။
- အသုံးပြုရ လွယ်ကူသည်။
- စပါး၊ ပြောင်း၊ ကော်ဖီ၊ မြေပဲ၊ ပဲအမျိုးမျိုး တွင် အသုံးပြုနိုင်သည်။
- နေလှန်းခြင်းထက် ပိုမိုကောင်းမွန်သော အရည်အသွေးကို ရရှိစေသည်။
- ပြုပြင်ထိန်းသိမ်းရ လွယ်ကူသည်။
- အပူပေးရာတွင် စပါးခွံ (သို့) သက်ဆိုင်ရာ သီးနှံ၏ ဘေးထွက်ပစ္စည်းများကို (ဥပမာ စပါးခွံ ပြောင်းရိုုး၊ ကော်ဖီခွံ) သာ အသုံးပြုရသဖြင့် တန်ဖိုးကုန်ကျစရိတ်နည်းပါးသည်။
အထူးသတိပြုရန်
Pioneer Agrobiz မှတည်ဆောက်ပေးသော အခြောက်ခံစက်များကို တုပ၍ တည်ဆောက်ထားသောပုံစံတူ စက်များ များစွာ ရှိနေပါသည်။ အပြင်ပန်းပုံစံတူအောင်ပြုလုပ်ထားသော်လည်း စက်၏လုပ်ဆောင်မှုပိုင်း ပန်ကန်တည်ဆောက်မှုစသည်တို့တွင် များစွာကွာခြားပါသည်။ အထူးသဖြင့် စပါး အခြောက်ခံရာတွင် စပါးထုအပေါ်ထိလေကို ရရှိအောင်နှင့် ကန်အတွင်းလေညီမျှမှု ရှိရန်ပြုလုပ်ထားပြီး အပူချိန်ညီမျှအောင်ပြုလုပ်ထားပါသည်။ စပါးကျွမ်းခြင်း၊ အထက်အောက်လှန်ပေးရခြင်း လုံးဝ မလိုပါ။ စပါးအရည်အသွေးအတွက် အာမခံပါ သည်။
အချက်အလက်များ
စက်အမျိုးအစား – ပိုင်အိုးနီးယား သီးနှံစုံအခြောက်ခံစက်
အပူပေးစနစ် – ဇီဝလောင်စာသုံးမီးဖို
ပန်ကာအမျိုးအစား – Axial Flow Fan
အပူချိန် – 43 – 45′ C
အစိုဓါတ် လျော့ချနှုန်း – တစ်နာရီ အစိုဓါတ် 1% – 1.5%
(မိမိနှင့် ကိုက်ညီသော ပမာဏအလိုက် တင်း၅၀၊ တင်း ၁၀၀၊ တင်း ၁၅၀၊ တင်း ၂၅၀၊ တင်း ၅၀၀ အစရှိသဖြင့် မှာယူနိုင်သည်။)
*** ပိုင်အိုးနီးယား သီးနှံစုံ အခြောက်ခံစက်တွေက အသုံးပြုမယ့် သီးနှံအမျိုးအစား၊ စက် အရွယ်အစား အစရှိတဲ့ အပေါ်မှာမူတည်ပြီး စျေးနှုန်းနဲ့ အခြားအချက်အလက်များကွာခြားတာကြောင့် သိချင်တာရှိရင်ဖုန်းဆက်မေးမြန်းစေချင်ပါတယ်။
အသေးစိတ်သိရှိလိုပါက
Pioneer Agrobiz Co.,Ltd
ဖုန်း ၊ 09 7731 89910၊ 09 44 55 66 404, 09 44 55 66 505, 095104218 သို့ဆက်သွယ်စုုစမ်းမှာယူနိုင်ပါသည်။