
Kett Grain Moisture Tester PM-450 (version 4523) သည် ဆန်၊ စပါး၊ မြေပဲ၊ ပဲအမျိုးမျိုး၊ ပြောင်း၊ ကော်ဖီ၊ နေကြာ၊ သီဟိုဠ်စေ့ အစရှိသည့် သီးနှံအမျိုးပေါင်း (၄၁) မျိုး၏ အစိုဓာတ်ကို တိုင်းတာပေးနိုင်သည့် အစိုဓာတ်တိုင်းကိရိယာဖြစ်သည်။
PM-450 (version 4523) ၏ အားသာချက်များမှာ
- သီးနှံများ၊ မျိုးစေ့များနှင့် အခြားသော အစေ့အဆန်အမျိုးအစား အများအပြားကို တိုင်းတာနိုင်ခြင်း
- ယေဘုယျအားဖြင့် သီးနှံနှင့် မျိုးစေ့များ၏ အစိုဓာတ် ၁% မှ ၄၀% ထိ တိုင်းတာပေးနိုင်ခြင်း
- အလေးချိန်နှင့်ထုထည်ကို အလိုအလျောက်တွက်ချက်ပေးသည့်စနစ် ပါရှိသည့်အတွက် ပိုမိုတိကျသော အစိုဓာတ်တိုင်းတာမှုရလဒ်ကို ပြသပေးနိုင်ခြင်း
- ဝယ်ယူပြီးသည်နှင့် ထပ်မံ calibrate လုပ်စရာမလိုဘဲ အဆင်သင့်အလွယ်တကူ သုံးစွဲနိုင်ခြင်း
- သုံးစွဲခြင်းမရှိပါက (၃) မိနစ်ပြည့်လျှင် အလိုအလျောက်ပါဝါပိတ်ပေးသောစနစ်ပါဝင်ခြင်း
- အနည်းဆုံး (၂) ကြိမ်မှ အများဆုံး (၉) ကြိမ်ထိ တိုင်းတာပြီး ပျမ်းမျှတွက်ချက်ပေးနိုင်ခြင်း စသည်တို့ဖြစ်ပါသည်။
PM-450 (version 4523) ဖြင့် အစိုဓာတ်တိုင်းတာနိုင်သော သီးနှံများ
စဉ် | သီးနှံ | တိုင်းတာနိုင်သောအစိုဓာတ်ပမာဏ (%) |
---|---|---|
၁။ | ဂျုံ | ၆-၄၀ % |
၂။ | ဘာလီ | ၆-၄၀ % |
၃။ | ပြောင်း | ၆-၄၀ % |
၄။ | ပဲပုပ် | ၆-၃၀ % |
၅။ | မုန်ညှင်းစေ့ | ၆-၃၀ % |
၆။ | ရိုင်းစပါး | ၆-၃၀ % |
၇။ | အုတ်ဂျုံ | ၆-၃၀ % |
၈။ | နှံစားပြောင်း | ၆-၃၀ % |
၉။ | နေကြာ (အကြီး) | ၆-၃၀ % |
၁၀။ | နေကြာ (အလတ်) | ၄-၂၀ % |
၁၁။ | နေကြာ (အသေး) | ၆-၂၀ % |
၁၂။ | စပါး (လုံးရှည်) | ၉-၃၅ % |
၁၃။ | ဆန် (လုံးရှည်) | ၉-၂၀ % |
၁၄။ | စပါး (လုံးပု) | ၆-၃၅ % |
၁၅။ | ဆန် (လုံးပု) | ၉-၂၀ % |
၁၆။ | ဗာဒံစေ့ | ၂-၁၈ % |
၁၇။ | ကိုကိုးစေ့ | ၄-၃၀ % |
၁၈။ | သစ်အယ်စေ့ | ၄-၁၅ % |
၁၉။ | ပစ်စတာချီယိုစေ့ | ၄-၂၀ % |
၂၀။ | မြေပဲ | ၄-၂၀ % |
၂၁။ | ပဲစိမ်း | ၆-၃၅ % |
၂၂။ | ပေါင်းစပါး (လုံးရှည်) | ၆-၂၀ % |
၂၃။ | ကုလားပဲ (မြန်မာမျိုး) | ၆-၃၀ % |
၂၄။ | စားတော်ပဲ (မြန်မာမျိုး) | ၆-၂၀ % |
၂၅။ | မတ်ပဲ/ပဲတီစိမ်း (မြန်မာမျိုး) | ၈-၂၀ % |
၂၆။ | လေးညှင်း | ၆-၂၀ % |
၂၇။ | ပဲအမျိုးမျိုး | ၆-၃၀ % |
၂၈။ | ကော်ဖီ (အစိမ်း) *1 | ၄-၃၀ % |
၂၉။ | ကော်ဖီ (လှော်ပြီး) | ၁-၂၀ % |
၃၀။ | အာရေဗီကာကော်ဖီ (အစိမ်း) | ၄-၂၅ % |
၃၁။ | ရိုဘတ်စတာကော်ဖီ (အစိမ်း) | ၄-၂၅ % |
၃၂။ | ကော်ဖီခွံ (အခြောက်) | ၄-၄၀ % |
၃၃။ | Parchment Coffee (အာရေဗီကာ) | ၄-၄၀ % |
၃၄။ | Parchment Coffee (ရိုဘတ်စတာ) | ၄-၄၀ % |
၃၅။ | ငရုတ်ကောင်းစေ့ (အနက်) | ၅-၁၇ % |
၃၆။ | ငရုတ်ကောင်းစေ့ (အဖြူ) | ၅-၁၇ % |
၃၇။ | ငရုတ်ကောင်းစေ့ (အနီ) | ၅-၁၇% |
၃၈။ | နှမ်း (အနက်/အဝါ) | ၂-၁၅ % |
၃၉။ | နှမ်း (အဖြူ) | ၂-၁၅ % |
၄၀။ | နှမ်း (အခွံချွတ်) | ၂-၁၅ % |
၄၁။ | သီဟိုဠ်စေ့ *2 | ၂-၁၄ % |
*1 The calibration curve of Green Coffee was updated in order to achieve better conformity to ISO 6673.
*2 It is necessary to grind the samples before measurement.
PM-450 (version 4523) ဖြင့် အစိုဓာတ်တိုင်းတာနည်း
ပါဝါခလုတ်ကိုနှိပ်ပါ တိုင်းတာလိုသောသီးနှံကို “Selet” ခလုတ်ဖြင့် ရွေးချယ်ပါ “MEA.” ခလုတ်ကိုနှိပ်ပါ တိုင်းတာမည့်သီးနှံအား လောင်းထည့်ပါ ခဏအကြာတွင် အစိုဓာတ်အား စက်မှဖော်ပြပေးမည်ဖြစ်သည်