
Kett Single Kernel Grain Moisture Tester PQ-520 သည် ဆန်၊ လုံးတီးဆန်၊ စပါး၊ ပေါင်းဆန်၊ ဂျုံ၊ ဘာလီ၊ ကောက်ညှင်း စသည့်သီးနှံများ၏ တစ်စေ့ချင်းစီတွင် ပါဝင်သော အစိုဓာတ်ပမာဏကို တိုင်းတာပေးနိုင်သောကိရိယာဖြစ်သည်။
PQ-520 ကိုအသုံးပြုခြင်းဖြင့် သီးနှံအတွင်း အစိုဓာတ်ပျံ့နှံ့မှုကို တိကျစွာသိရှိနိုင်သောကြောင့် သင့်တော်သော ရိတ်သိမ်းခြွေလှေ့ချိန် ခန့်မှန်းနိုင်ခြင်း၊ အခြောက်ခံစက်ဖြင့် အခြောက်ခံရာတွင် အပူချိန်ညီမျှမှုရှိခြင်း/မရှိခြင်းကို သိရှိနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါသည်။
PQ-520 အားအသုံးပြုပုံ
အသုံးပြုပုံမှာ လွယ်ကူရှင်းလင်းပါသည်။
စက်အား ပါဝါဖွင့်ပြီး Start/Stop ခလုတ်အားနှိပ်ပါ။
ပြီးလျှင် တိုင်းတာလိုသည့်သီးနှံနမူနာအား စက်ထဲသို့လောင်းထည့်ပါ။
စက်မှအလိုအလျောက်လုပ်ဆောင်ချက်ပြီးစီးပါက ပျမ်းမျှအစိုဓာတ်အား ဖော်ပြပေးမည်ဖြစ်သည်။
အစိုဓာတ်တိုင်းတာနိုင်သည့် ပမာဏ
စဉ် | သီးနှံအမျိုးအစား | တိုင်းတာနိုင်သည့်အစိုဓာတ်ပမာဏ (%) |
---|---|---|
၁။ | ဆန် | ၁၁-၂၀ % |
၂။ | စပါး | ၁၁-၃၅ % |
၃။ | လုံးတီး | ၁၁-၂၀ % |
၄။ | ဘာလီ | ၁၀-၄၀ % |
၅။ | ဘာလီ (အခွံချွတ်) | ၁၀-၃၅ % |
၆။ | ဂျုံ | ၁၀-၄၀ % |
အသေးစိတ်အချက်အလက်များ
တိုင်းတာမှုနည်းစနစ် | Electric Resistance |
တိုင်းတာမှုကြာမြင့်ချိန် | အစေ့ ၁၀၀ = စက္ကန့် ၄၀၀ အောက် |
တိကျမှု | ±၅% |
ပါဝါရရှိမှု | AC 100-240V (50/60Hz) |
အတိုင်းအတာ (မီလီမီတာ) | 320(W) x 254(H) x 382(D) |
အလေးချိန် | 9 kg |

VZ-330 Printer ဖြင့်လည်း တိုင်းတာရရှိသည့် အဖြေကို တစ်ခါတည်း မှတ်တမ်းတင်ရန် အသုံးပြုနိုင်ပါသည်။