ကမ္ဘာ့အကောင်းဆုံး Dryer အမှတ်တံဆိပ်များထဲတွင် တစ်ခု အပါအဝင်ဖြစ်တဲ့ ထိုင်ဝမ်နိုင်ငံထုတ် SUNCUE စပါးနှင့် သီးနှံမျိုးစုံ အခြောက်ခံစက်များ…

SUNCUE ကုမ္မဏီကို 1966 ခုနှစ်မှာ ထိုင်ဝမ်နိုင်ငံမှာ စတင်တည်ထောင်ခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော်ကြာ အခြောက်ခံစက်များကို တစိုက်မတ်မတ် ထုတ်လုပ်ခဲ့ပြီး လက်ရှိ ထိုင်ဝမ်နိုင်ငံမှာ နံပါတ် ၁ အခြောက်ခံစက်ထုတ်လုပ်သူအဖြစ်ရပ်တည်လျက်ရှိပါတယ်။

ထိုင်ဝမ်နိုင်ငံအပြင် အမေရိက၊ လက်တင်အမေရိက ဂျပန်၊ ကိုရီးယား အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၅၀ ကျော်သို့ရောင်းချလျက်ရှိပါတယ်။

မြန်မာနိုင်ငံမှာလည်း လက်ရှိအလုံးရေ ၈၀ ကျော်ရောင်းချပြီးစီးပြီးဖြစ်ပါတယ်။

SUNCUE အခြောက်ခံစက်များရဲ့အားသာချက်များ

*** SUNCUE စပါးအခြောက်ခံစက်များဟာ Fully Automatic စနစ် အခြောက်ခံစက်များဖြစ်ပါတယ်။ လိုခြင်တဲ့ အစိုဓါတ်၊ ပေးချင်တဲ့ အပူချိန်ကို သတ်မှတ်ပေးလိုက်တာနဲ့ မောင်းနှင်ပြီး သတ်မှတ်ထားတဲ့ အစိုဓါတ်ရောက်တာနဲ့ အလိုအလျောက်ရပ်တန့်ပေးမှာဖြစ်ပါတယ်။ အခြောက်ခံနေစဉ်မှာ ထည့်သွင်းထားတဲ့ စပါးရဲ့ အစိုဓါတ်လျော့ကျလာမှုကို အချိန်နဲ့တပြေးညီ သိရှိနိုင်မှာ ဖြစ်ပါတယ်။

*** Dryer အတွင်းကို စပါးထည့်သွင်းတဲ့နေရာမှာ အစိုဓါတ်မတူညီတဲ့ စပါးများကိုအတူတကွထည့်သွင်းအခြောက်ခံနိုင်ပါတယ်။

*** စက်အတွင်းထည့်သွင်းထားသော စပါးအနည်းအများအလိုက် အပူချိန်ကို ချိန်ညှိတွက်ချက်ပြီး မောင်းနှင်နိုင်တာဖြစ်တဲ့အတွက် မလိုအပ်ပဲ အပူချိန်များပြီး ဆန်ကျိုးကြေခြင်း၊ ဆန်ကွဲနှုန်းများခြင်းတို့ ကိုကာကွယ်နိုုင်ပါတယ်။

*** တည်ဆောက်ထားမှုအရလည်း စပါးနဲ့ထိတွေ့တဲ့ နေရာတိုင်းကို Stainless Steel များကိုအသုုံးပြုထားတဲ့ အတွက်ရေရှည်အသုုံးပြုနိုင်ပါတယ်။

*** စက်အတွင်း အပူပေးစနစ်နှင့် အစိုဓါတ်ပြန်လည် ချိန်ညှိသော အပိုင်းကို အထူးဂရုစိုက်၍ ထုုတ်လုုပ်ထားသောကြောင့် အခြောက်ခံပြီးချိန်တွင် အကောင်းမွန်ဆုံးသော အရည်အသွေးကို ရရှိခြင်းဖြစ်ပါတယ်။

*** SUNCUE စပါးအခြောက်ခံစက်များတွင် အသုံးပြုထားသော လွန်များမှာ ( Screw) အရည်အသွေးကောင်းမွန်သော သတ္တုများနှင့် Stainless steel ကိုပေါင်းစပ်အသုံးပြုထားသောကြောင့် ပုံမှန်လွန်များထက် သိသာစွာ သက်တမ်းပိုမိုကြာရှည်ပါတယ်။

*** dryer အတွင်းတွင်လည်း ထည့်သွင်းသောစပါးအလေးချိန်နှင့် လည်ပတ်မှုကို ပိုမိုခံနိင်ရေရှိစေရန်၊ ပုံမှန် အလျားလိုက်ချုပ်တန်းများအပြင် ဒေါင်လိုက်ထိန်းသောစနစ်ကိုပါအသုုံးပြုထားပါတယ်။

*** စက်မောင်းနှင်နေစဉ် မူမမှန်မှုများရှိပါက သက်ဆိုင်ရာ အချက်ပေးချက် Error message ပို့ပေးသောကြောင့် မူမမှန်သော အစိတ်အပိုင်းကို အချိန်တိုအတွင်းသိရှိနိုင်သော အားသာချက်ကို ရရှိပါသည်။

*** နောက်ထပ်အားသာချက်တစ်ခုမှာတပ်ဆင်ထားသော Dryer တစ်ခုစီအလိုက် မတူညီသော အစိုဓါတ်၊ မတူညီသော အပူချိန်ကိုပေးနိုင်ပါတယ်။ အပူပေးတဲ့နေရာမှာလည်း Dryer ထဲသို့ ဝင်မယ့် အပူချိန်ကို မိမိသတ်မှတ်ထားတဲ့အတိုင်း တသတ်မှတ်တည်း ညီမျှနေစေဖို့ Micro Air Adjuster ခေါ် အသေးစိတ်လေချိန်ညှိကရိယာ တပ်ဆင်ထားပါတယ်။ အပူချိန်ရုတ်တရက်များပြီးဝင်လာပါက အဆိုပါနေရာမှ လေအေးကို အလိုအလျောက်လေပူကိုရောစေပြီး သတ်မှတ်ထားတဲ့ အပူချိန်အတိုင်း Dryer ထဲကို ရရှိအောင် ထိန်းကျောင်းပေးပါတယ်။ ဒါကြောင့် စပါးအပေါ်မှာ သက်ရောက်တဲ့ အပူချိန်ဟာ အမြဲတမ်းတသတ်မတ်တည်းညီနေတာကြောင့် အစိုဓါတ်ညီမျှပြီး သိုလှောင်တဲ့နေရာမှာ အရည်အသွေးပျက်စီးခြင်းမရှိပဲ ကြိတ်ခွဲတဲ့နေရာမှာလည်း အကောင်းဆုံးအရည်အသွေးကို ရရှိပါတယ်။

SUNCUE စပါးခွံမီးဖိုများ

အခြောက်ခံစက်တစ်ခုတွင် အပူပေးခြင်းအပိုင်းသည် အရေးအကြီးဆုံး အချက်ဖြစ်တာနဲ့အညီ Dryer တစ်ခုမှာ မီးဖိုသည် အရေးအကြီးဆုံးနှင့် သတိအထားရဆုံး အပိုင်းဖြစ်ပါသည်။

SUNCUE မီးဖိုများသည် မိမိတို့တပ်ဆင်လိုသော ပမာဏအလိုက် အရွယ်အစားအမျိုးမျိုး မှာယူလို့ရပါသည်။

အားသာချက်များ

SUNCUE အမှတ်တံဆိပ်မီးဖိုများသည် အဆင့်မြင့်နည်းပညာအသုုံးပြုထားပြီး Dryer များနှင့် ချိတ်ဆက်ကာ လုပ်ဆောင်နိုင်စွမ်းရှိပါသည်။ ဆိုလိုသည်မှာ မီးဖိုများမှတဆင့် တပ်ဆင်ထားသော Dryer များအား ထိန်းချုပ်မောင်းနှင်နိုင်ခြင်း၊ အပူပေးခြင်းစနစ်များကို Dryer တစ်လုံးခြင်းစီအလိုက် ထိန်းချုပ်အမိန့်ပေးနိုင်ပါသည်။

မီးဖိုရဲ့ အပူပေးစနစ်ဟာ Indirect heated air တဆင့်ခံလေပူပေးစနစ်ဖြစ်ပါတယ်။ ဒါကြောင့် စပါးဆီကို ရောက်သွားတဲ့လေဟာ သန့်စင်ပြီး အနံ့အသက် (မီးခိုးနံ့) ကင်းတဲ့လေဖြစ်ပါတယ်။

မီးဖိုရဲ့ Heat Exchanger မှာအသုံးပြုထားတဲ့ အပူပိုက်တွေကို Stainless steel ပိုက်များကိုအသုံးပြုထားသောကြောင့် ကြာရှည်အသုံးပြုနိုင်ပါတယ်။

မီးဖိုရဲ့ တည်ဆောက်မှုစနစ်ဟာ Negative pressure စနစ်ကို အသုုံးပြုထားသောကြောင့် Safety ပိုင်းမှာ လုံခြုံစိတ်ချမှုရှိပါတယ်။

ဒီနေရာမှာ သတိပြုရမှာက စပါးအခြောက်ခံစက်မီးဖိုဟာ အတွင်းမှာ များပြားတဲ့အပူချိန်နဲ့ အလုပ်လုပ်နေတာဖြစ်တဲ့အတွက် လုံခြုံရေးစနစ်တွေသေချာကောင်းမွန်စွာ ပါရှိနေဖို့လိုအပ်ပါသည်။

SUNCUE စပါးခွံမီးဖိုများဟာ လိုအပ်တဲ့နေရာတွေမှာ Sensor အာရုံခံစနစ်များ ထည့်သွင်းထားပြီး လုံခြုံမှုအပိုင်းကိုသေချာစွာ ဂရုစိုက်ပြီးထုတ်လုပ်ထားတာဖြစ်ပါတယ်။

ရုုတ်တရက် ငလျှင်လှုပ်တာမျိုး၊ မီးဖိုကို တခုခုကြောင့် ပြင်းထန်စွာလှုပ်ရှားသွားတာမျိုး ဖြစ်တဲ့အခါမှာ အလိုအလျောက် စက်ရပ်မီးသတ်တဲ့ စနစ်မျိုးပါ ပါဝင်ပါတယ်။

စပါးခွံ ထည့်သွင်းတဲ့ စနစ်ဟာ လေမှုတ်သွင်းတဲ့စနစ်ဖြစ်တာကြောင့် အန္တရာယ်ကင်းပါတယ်။

ထည့်သွင်းတဲ့ စပါးခွံကို အပြည့်အဝ လောင်ကျွမ်းအောင် ပြုလုပ်ထားတာကြောင့် အပူကို ထိရောက်စွာ ထုတ်လုပ်နိုင်ပြီး တပိုင်းတစလောင်ကျွမ်းသော စပါးခွံများကြောင့် အန္တရာယ်ဖြစ်ခြင်းများ မဖြစ်စေနိုင်ပါ။

စပါးအခြောက်ခံစက် Dryer များသည် အပြင်ပုံစံများအရ အားလုံးနည်းပါးတူညီမှုရှိသော်လည်း အလွယ်တကူ မမြင်နိုင်သော သတိမထားမိနိုင်သော နေရာများတွင် ကွာခြားမှုများရှိပြီး အရည်အသွေးကွာခြားခြင်းဖြစ်ပါသည်။

SUNCUE ရဲ့စက်များအကြောင်းထပ်မံသိရှိလိုပါကလည်း မေးမြန်းစုံစမ်းနိုင်ပါတယ်။

သတိပြုရန်မှာ စပါးအခြောက်ခံစက်ဝယ်ယူအသုံးပြုခြင်းသည် ကာလတို အသုံးပြုရန် မဟုတ်ပဲ နှစ်ရှည်လများအသုံးပြုရန်ကို ထည့်သွင်းစဉ်းစားသင့်ပါသည်။ ကနဦး ရင်းနှီးမြုပ်နှံမှု နည်းပါးသော်လည်း မကြာခဏ စက်ပျက်ခြင်း၊ အပိုပစ္စည်းများ တောက်လျောက်ဝယ်နေရခြင်း၊ တကယ်အလုပ်လုပ်ချိန်၊ စပါးအစိုများဝင်နေချိန်တွင် စက်ပျက်ခြင်း၊ အပိုပစ္စည်းမရရှိနိုင်ခြင်းများကို သေချာပေါက်စဉ်းစားသင့်ပါသည်။

SUNCUE Dryer များကို ၁၂ တန် (စပါး ၅၅၀ ခန့်မှ) မှစ၍

  • ၁၂ တန် နှစ်လုံး တစ်ဖို၊ လေးလုံး တစ်ဖို၊ ခုနှစ်လုံး တစ်ဖို
  • တန် ၃၀ နှစ်လုံး တစ်ဖို၊ သုံးလုံး တစ်ဖို၊ ငါးလုံး တစ်ဖို
  • ၃၂ တန် သုံးလုံး တစ်ဖို၊ ငါးလုံး တစ်ဖို

အစရှိသဖြင့် မှာယူနိုင်ပါသည်။

တည်ဆောက်ရာမှာလညး် မိမိတို့ နေရာအကျယ်အဝန်းအလိုက် အဆင်ပြေဆုံးဖြစ်အောင် SUNCUE နှင့် Pioneer Agrobiz Company Limited မှ အင်ဂျင်နီယာများမှ တွက်ချက်ပေးမှာဖြစ်ပါတယ်။

ထည့်သွင်းနိုင်သော ပမာဏ၊ လုပ်ငန်းအနေအထားအလိုက် စျေးနှုန်းများကွဲပြားတဲ့အတွက် သေချာ ရှင်းပြပေးနိုင်ရန် ဖုန်း 095104218၊ 09954045666၊ 09773189910 ကို ဆက်သွယ်ပေးစေလိုပါတယ်။

ကျွန်တော်တို့ Pineer Agrobiz Co.,Ltd အနေနဲ့ ဆန်စက်လုပ်ငန်းရှင်များကို အကောင်းဆုံးအရည်အသွေး နဲ့ စက်များကို မိတ်ဆက်ပေးပြီး After sales service ပိုင်းကို အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်အောင် အမြဲကြိုးစားလျက်ရှိပါတယ်။